Showing posts with label Theory Article. Show all posts
Showing posts with label Theory Article. Show all posts

Monday, August 29, 2011

" ချစ်ခြင်း ၏ ဧရိယာ အတွင်းက လွန်းထားထား "

Please click on photo to ENLARGE!


ဒီနေ့ အချိန်ရတာနဲ့ အမရင်းလို ချစ်ခင်ရတဲ့ စာရေးဆရာမ လွန်းထားထားရဲ့ " ချစ်ခြင်း ၏ ဧရိယာ အတွင်း ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍ရနိုင်ပါသည် " ဆိုတဲ့ ဝတ္ထုကို ဖတ်ဖြစ်ပါတယ်။

" နွေးအားမာန် " နဲ့ " ဇွဲနေသန် " ဆိုတဲ့ ထက်မြက် ထူးချွန်ပြီး မပြည့်စုံကြတဲ့ တက်သစ်စအရွယ် လူငယ်လေး နှစ်ယောက်ရဲ့ အိပ်မက်တွေကို
" သဝဏ်မေပျို " နဲ့ " နွေဥသြ " ဆိုတဲ့ အရွယ်ရောက်ပြီးသား ပညာ နဲ့ စည်းစိမ်ဥစ္စာ ပြည့်စုံပြီးသား ချစ်သူ နှစ်ဦးက လျှို့ဝှက်စွာ အကောင်အထည်ဖေါ်ပေးခဲ့တဲ့ ဇာတ်လမ်းလေး လို့ အကျဉ်းချုံးပြောလို့ရပါတယ် ...

ဒီဝတ္ထုလေးကို အသေးစိပ် သုံးသပ်ပြပါရစေ .. 

Thursday, July 14, 2011

Genius တို့၏ အားနည်းချက်များ



" Genius တို့၏ အားနည်းချက်များ "


အတွေးအခေါ်နက်ရှိုင်းပြီး သာမန်ထက် များစွာ ဥာဏ်ရေ (IQ) မြင့်မားတဲ့ ထူးချွန်ထက်မြက်သူ မဟာပညာရှင် လို့ခေါ်တဲ့ Genius တွေတိုင်းဟာ သူများကို လွယ်လင့်တကူ မယုံကြည်တတ်ပါဘူး
ဘာလို့လဲ ဆိုတော့ ဒီတစ်ချက်ကြောင့် သူတို့ဟာ လူတော်တွေ ဖြစ်လာစေခဲ့တာပါဘဲ

သူတို့ဟာ ငယ်စဉ်ထဲက မိဘတွေ လူကြီးတွေရဲ့ စကားကိုလဲ နားထောင်လေ့မရှိပါဘူး
ပါတ်ဝန်းကျင် ရဲ့ လှုံ့ဆော် မှုအောက်မှာလဲ ငုံ့မဝင်သွားတတ်ဘူး
အစဉ်အလာရဲ့ စီးဆင်းမှု ထဲမှာလဲ ဝင် မနစ်မျောတတ်ဘူး
ဘာသာတရားရဲ့ ညွှန်ကြားမှုကြောင့်လဲ မလိုက်နာတတ်ဘူး

သူတို့ဟာ ဘယ်အယူအဆကိုမဆို အစအဆုံး ကိုယ်တိုင် တွေ့ကြုံ ဖြတ်သန်း နားလည် သိမြင် ပြီးမှသာ လက်ခံ ယုံကြည် ကြသူများဖြစ်တယ်  

Twitter Delicious Facebook Digg Stumbleupon Favorites More